ဘုရားရှင်လက်ထက်ဝယ် သုဘလုလင်သည် လူချင်းတူပါလျက် တစ်ဦးနှင့် တစ်ဦး အကျိုးပေး ထူးခြားပုံကို မြင်ရသဖြင့် မရှင်းလင်းသည့်အတွက် တစ်ဆယ့်လေးချက်သော ပြဿနာတို့ကို လျှောက်ထားရာ၌ ဘုရားရှင်ဖြေတော်မူပုံကို ယခု ရဟန်းရှင်လူအများ နားလည်သဘောပေါက်စေရန် အကျဉ်းချုံး၍ ရေးသားဖော်ပြပါမည်-၁။ အချို့မှာ အသက်တိုရခြင်းဤလောက၌ အချို့သော မိန်းမယောင်္ကျားတို့သည် သတ္တ၀ါတို့အပေါ်၌ သနားခြင်းကင်းမဲ့လျက် သူတပါး၏ အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိ၏။ ထိုသူမျိုးသည် သေလျှင် ငရဲသို့ ကျရောက်တတ်၏။ (ရှေးက ကုသိုလ်ကံ တစ်ခုခု၏ ထောက်ပံ့မှုကြောင့်) ငရဲသို့ မကျဘဲ လူ့ပြည်သို့ ရောက်လျှင် ကြာရှည်စွာ နေခွင့်မရ။ အသက်တိုရလေသည်။)၂။ အချို့မှာ အသက်ရှည်ရခြင်းဤလောက၌ အချို့သော မိန်းမယောင်္ကျားတို့ကား သတ္တ၀ါတို့အပေါ်၌ သနားကြင်နာ ကရုဏာထားလျက် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ ထိုသူများသည် သေလျှင် အထက်နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်ပြန်လျှင်လည်း...