နှစ်ကူးသင်္ကြန်၊ ရောက်လာပြန်ရင်
(ဒီတစ်နှစ်တော့ ) လွဲရပြန်ပြီ ... လွမ်းရပြန်ပြီ ချစ်မြန်ပြည်။
အို...သင်္ကြန်ပွဲ၊ ဆင်ကာနွှဲချိန်၊
စဉ်မြဲပွင့်အာ၊ ပန်းငုဝါနှင့်၊
ရွှေဝါရောင်ဆင်း၊ ပျံ့ပျံ့သင်းသည့်၊
ပန်းမင်းပိတောက်၊ လမ်းတလျှောက်မှာ၊
မို့မောက်ပွင့်ဖူး၊ တူယှဉ်မြူးကြွ၊
ထူးပယှဉ်တွဲ၊ ရေသဘင်ပွဲနှင့်၊
ရင်ထဲထိအေး၊ ဘယာဝေးဖို့၊
အတာရေလေး၊ ဖျန်းပက်ပေးကြ၊
အတွေးထင်တိုင်း၊ ယှဉ်ကြည့်နှိုင်းမိ၊
ဘယ်တိုင်းဌာနီ၊ မမှီနိုင်ပါ၊
မြန်မာရိုးရာ၊ အစဉ်လာကို၊
ချိန်ခါတွေရွေ့၊ ရင်မှာဓလေ့က၊
မမေ့စိတ်တည်၊ လွမ်းစိတ်ကိုယ်စီ၊
(ဒီတစ်နှစ်လည်း)...
လွမ်းရပြန်ပြီ ချစ်မြန်ပြည်..။
တောသားလေး(မြန်အောင်)
အားလုံးသော ဓမ္မမိတ်ဆွေများ အတာတန်ခူးနှစ်ကူးမှာ လိုအင်ဆန္ဒတွေအားလုံး ပြည့်စုံပြီး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ နှစ်သစ်ကူးမှာ ဆုတောင်းပေးလိုက်ပါတယ်။
တောသားလေး
1 comments:
တောသားလေးရေ သင်္ကြန်ကဗျာလေးက ကောင်း
တယ်ဗျ.. အားပေးသွားတယ်နော်...
နှစ်သစ်မှာပျော်ရွှင်ပါစေ..
ကျေးလက်သားလေး
Post a Comment