Saturday, 7 May 2011

*အမိ*


ခလုတ်ကန်သင်း၊ နှောက်ယှက်ခြင်းနဲ့
တွေ့မိပါက၊ အို...အမိ ဟု
သတိတရ ငါတို့တခဲ့။
မကျန်းမမာ၊ ရောဂါဖိစီး
အန္တရာယ်ကြီးနှင့်၊ ကြုံတွေ့ပြန်လည်း
အို...အမေ ဟု
သတိတရ၊ ငါတို့တ၏။
ဘ၀ခရီးကြမ်း၊ ခယောင်းလမ်းတွင်
စုံစီနဖာ၊ ဒုက္ခအဖြာဖြာကို
ကြုံတွေ့ပြန်လည်း၊ အမေလေး ဟု
သတိတရ ငါတို့တ၏။
ကောင်းကျိုးချမ်းသာ၊ အဖြာဖြာနှင့်
ဒုက္ခမျိုးစုံ၊ အဖုံဖုံကို
မတွေ့ကြုံက၊ သတိတရ
အမိမတ၊ မေ့နေကြသည်
ဘယ်မှာဝမ်းခါးရေစပ် မွေးရကျိုးနပ်မည်တည်း။
တောသားလေး(မြန်အောင်)
၈-မေလ ၂၀၁၁
အမေချစ်သော သားသမီးတိုင်းအတွက် အမေနေ့မှာ ရေးဖွဲ့သော ကဗျာလေးတစ်ပုဒ် အမှားပါရင် ခွင့်လွှတ်နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မွေးမိခင် အမေနှင့်တကွ ကမ္ဘာပေါ်ရှိ မိခင်တိုင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

2 comments:

mstint said...

သားလိမ္မာတစ်ယောက်ဖြစ်တာမို့ ကဗျာလေးကို ဖတ်လိုက်တာနဲ့ ရင်တွင်းဖြစ်ကဗျာလေးမှန်း သိပါတယ်ကွယ် မိဘကျေးဇူးသိတတ်တဲ့ တောသားလေး ဘဝမှာအောင်မြင်မှုအပေါင်းနဲ့ ခညောင်းပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

poemflower said...

အမေများနေ့ ကဗျာလေးကို. .. လာဖတ်ပါတယ် မိဘကျေးဇူးကို အထူးဆပ်နိုင်ပါစေ ရှင်..

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Macys Printable Coupons